January 14, 2011

အရှင်မြတ်တစ်ပါးမှ ကျောက်ကပ် အလှူခံလိုခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စွန်းလွန်းဂူကျောင်းတိုက်၌ သီတင်းသုံးတော်မူသော အရှင်ပညာဒီပသည် ကျောက်ကပ်ဝေဒနာရောဂါ ခံစားနေရသည် ဖြစ်သောကြောင့် ကျောက်ကပ်လှူဒါန်းမည့်သူရှိသော် အရှင်မြတ်မှာ အလှူခံလိုပါကြောင်း၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတစ်ပါးအနေဖြင့် အလှူရှင်က လှူဒါန်းမှသာ ခံယူခွင့်ရှိသော ကြောင့် ကျောက်ကပ်လှူဒါန်းမည့် အလှူရှင်အား စောင့်မျှော်လျက်ရှိပါကြောင်း၊ လှူဒါန်းလို သော ကျောက်ကပ်အလှူရှင်သည် အသက်(၂၃)နှစ် ပြည့်ပြီးသူဖြစ်ပြီး၊ (B)သွေး၊ သို့မဟုတ် (0)သွေး ဖြစ်မှသာ လှူဒါန်းလို့ရမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။ ကျောက်ကပ်လှူဒါန်းလိုသော အလှူရှင်အနေဖြင့် အောက်ပါလိပ်စာအတိုင်း လှူဒါန်းနိုင်ပါသည်။(News Postအား ကုသိုလ်ဖြစ် ဖြန့်ဝေပေးစေလိုပါသည်။)




အရှင်ပညာဒီပ
စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်
(၁၆/၂)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး၊
ဖုန်း။ ။၀၁-၇၃၀၈၇၂၃၆

Popular Posts